Lay Phyu return on the stage in Mandalay

Myanmar famous rock singer, Lay Phyu is going to resume his singing on the stage in Mandalay soon. This Live show will be held on coming 24th and 25th January. Lay Phyu was banned the stage performance since 2006. After Nargis Cyclone disaster, Lay Phyu showed up on the stage of Nargis Fund raising Live Show Concert for the first time within two years. He released his 13th solo album, called “ Bay of Bengal”. This will be the second time of Lay Phyu’s performance on the stage after he was banned.

နိုင်ငံကျော် အဆိုတော် လေးဖြူ၏ စင်မြင့် ဖျော်ဖြေပွဲများ မကြာမီ ပြန်လည် စတင် တော့မည်ဟု ၎င်း၏ ပင်တိုင် တေးဂီတ အဖွဲ့ Iron Cross (IC) ၀ိုင်းတော်သား တဦးထံမှ သိရသည်။ ပြန်လည် စတင်မည့် ဖျော်ဖြေပွဲကို မန္တလေး ဆီဒိုးနား ဟိုတယ်မှာ လာမယ့် ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့မှာ လုပ်ဖို့ စီစဉ်ထားတယ် လို့သိရသည်။ အဆိုတော် လေးဖြူသည် ပြီးခဲ့သည့် ၂ နှစ်ကျော်မှ စတင်ပြီး စင်မြင့် ဖျော်ဖြေပွဲများကို ရှောင်ရှားခဲ့သူ ဖြစ်သည်။ စင်မြင့်ပွဲများတွင် ပျောက်ကွယ် နေခဲ့ရာမှ ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်တွင် ပြုလုပ်သည့် နာဂစ်မုန်တိုင်း ဒုက္ခသည်များ ရန်ပုံငွေပွဲတွင်သာ တကြိမ် ပြန်လည် ပေါ်ထွက် လာခဲ့သည်။ ပြီးခဲ့သည့် လက ၁၃ ခွေမြောက် တကိုယ်တော် တေးစီးရီး ဖြစ်သော “ဘင်္ဂလား ပင်လယ်အော်” ကို ဖြန့်ချိခဲ့သည်။

Related Posts

Scroll to top